ကျွန်တော်တို့ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး များသည် တခြားသောနိုင်ငံခြားသားများနှင့် မတူ ညီသောအချက်တစ်ချက်မှာ ထုံးတမ်းစဉ်လာ မိဘ ဘိုးဘွားများကို လုပ်ကျွေး ပြုစုစောင့်ရှောက်ခြင်းပင်ဖြစ်ပါသည်။ အကြောင်းမှာကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်လူမျိုးများသည် ဗုဒ္ဓမြတ်စွာ ဘုရား၏ အယူ့ဝါဒကို လက်ခံယုံ ကြည်ကြခြင်း၏ အဓိကအ ကြောင်းအရင်းဖြစ်ပါသည်။ ယခုကဲ့သို့ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ရ သည်ကိုလည်း ကျွန်တော်သည် အထူးပင်ကျေနပ်ပြီး ၀မ်းသာပီတိဖြစ်ရပါသည်။ နိုင်ငံခြားသားများ အများစုတို့သည် မိမိတို့ကဲ့သို့ ဗုဒ္ဓ အယူဝါဒသမားများမဟုတ်ကြပါ ရှိပင်ရှိသော်ငြားလည်း အနည်းငယ် မျှပင်ဖြစ်လိမ့်မည်။ ဤ သို့ ဗုဒ္ဓအယူဝါဒသမားများမဟုတ်ကြသဖြင့် အချင်းချင်း ကူညီရိုင်းပင်းမှူ ဟိရိဩတပ္ပ ဆိုတဲ့အရှက်တရား အကြာက်တရားများလည်းနည်းပါးကြပါတယ်။ နိုင်ငံခြားသားများမှာ အသက်(၁၈)ပြည့်ပြီဆိုသည်နှင့် မိဘ၏ရင်ခွင်မှမိမိတို့ ၏ဆုံးဖြတ်ချက်နှင့် မိမိတို့အလိုရှိရာသို့ ဦး တည်လျှောက်လှမ်းနိုင်ကြ၏။ ထို့အတူပင်မိဘက နောက်ပိုင်းတွင်မည်သို့ပင်ဖြစ်နေစေကာမူသားသမီးများသည် ပြန်မကြည့်တက်ပေ ထို့အတူပင် မိဘများကလည်းသားသမီ်း ဘာ ဖြစ်နေသည်ဘာလုပ်နေသည်ကို စိတ်ဝင်စားမှူ အင်မတန်မှနည်းပါး ကြပါသည်။ တစ်ပါးသောနိုင်ငံခြားသားများ မည်သို့ပင်ရှိစေကာမူ ကောင်းသော အရာများကိုအတုခိုးပြီး မ ကောင်းသောအရာများကိုလျှစ်လျှူ ခြင်းဟာ ကောင်းမြတ်သော မင်္ဂလာတပါး ဖြစ်သည်နှင့် အညီ ကျွန်တော်တို့၏ ကောင်းမြတ်သော ချစ်စရာကောင်းသော ထုံးတမ်းစဉ်လာ သက်ကြီးရွယ်အိုဘိုးဘွား( မိဘများ )ကို မသေခင်ကာလ ပတ်လုံး မိမိတို့တတ်စွမ်းသမျှ ကောင်းသောအလုပ်အကိုင် တတ်ကျွမ်းသော ပညာရပ်တို့ဖြင့် အလုပ်အကျွေးပြုကြပါလို့ ဆန္ဒပြု အပ်ပါသည်။ဤသို့ ကျွေးမွေးပြုစုစောင့်ရှောက်ခြင်း အကျိုးများကိုလည်း ခံစားစံစား နိုင်ကြ ပါစေလို့ဆုမွန်ကောင်း ချွေအပ်ပါတယ်။ မိဘကိုကျွေးမွေးပြုစု စောင့်ရှောက်ခြင်းအားဖြင့် လည်း ရရှိဖြစ်ထွန်းလာမည့် ကုသိုလ်များမှာလည်း မနည်းလှပါ။ သို့သော် တိုက်တွန်းလိုတာကတော့ ကုသိုလ်ကိုမြင်ပြီး အကျိုးကိုခံစား ချင်၍ မိဘကိုပြုစုစောက်ရှောက်ရမှာထက် မိမိတို့ရဲ့အသိတရား များကို ရှေ့တန်းတင်ပြီး မိဘအားကျေးဇူးဆပ်နိုင်ကြပါစေ။ ယခုအခါမှာဆိုရင် နိုင်ငံခြားတိုင်းပြည်များ၏ ယဉ်ကျေးမှူစရိုက်များသည် မြန်မာနိုင်ငံသို့သိ သိသာသာထိုးဖောက်ဝင်ရောက်နေပါတယ် ။ ဒီမှာ တစ်ခုသတိပေးခြင်တာာတော့ အနာဂတ်၏လူကြီးများ ဖြစ်လာကြမည့် ကျွန်တော်တို့ ညီအကိုမောင်နှမများ အနေဖြင့် ယခုကတည်း ကပင် ကျွန်တော်တို့၏ ကောင်းမြတ်သော ဓလေ့ထုံးတမ်းများ မပျောက်မပျက်ဘဲ ကမ္ဘာ့အလည်မှာထည်ဝါစွာတည်ရှိနေရန် အမျိုးဘာသာ ၊ တိုင်းပြည် နှင့်လူမျိုး များ အပေါ်ကျွန်တော်တို့ ဗုဒ္ဓဘာသာအယူများနှင့်ဆန့်ကျင်သောယဉ်ကျေးမှူစရိုက်များကိုမြန်မာနိုင်ငံ အတွင်းသို့ အ၀င်မခံကြရန်နှင့် ၀င်လာခဲ့သည်ရှိသော် တစ်ဦးချင်းအသိစိတ်များဖြင့် သမိုင်းကပေးထားသော တာဝန်တစ်ရပ်အနေဖြင့် အတက်နိုင်ဆုံးကာကွယ်စောက်ရှောက် ပေးပါလို့ ကျွန်တော်တိုက်တွန်းပရစေဗျာ။ ဒီနေရာမှာ တစ်ခုပြောချင်တာကတော့ တိုင်းတစ်ပါးသားတွေမှာလည်း အတုခိုးစရာကောင်းတာတွေအများကြီး ရှိနေပါတယ်။ ပြောရရင် နည်းပညာပိုင်းမှာဆိုရင် အင်မတန်မှလေးစားလောက် တန်ဖိုးထားလောက်တဲ့ ပညာရပ်တွေကြောင့် နိုင်ငံခြားတိုင်းပြည်တွေဟာ အရာရာမှာ ရှေ့ကနေဦးဆောင်နေ ကြပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ အနေနှင့် နိုင်ငံခြားသားများပေါ်မှာ တကယ့်ကို အတုခိုးအတုယူစရာတွေဖြစ်ပါတယ်။ သတင်းနှင့် နည်းပညာ ခေတ်ကြီး ဖြစ်သည်နှင့်အညီ ကျွန်တော်တို့ လူငယ်များ အနေ နဲ့ ရေစုန်အတိုင်းမျှောနေလိုမရတော့တာတော့အမှန်ပါပဲ။ နေ့ စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသော ခေတ်ကြီးနှင့်အညီ ကျွန်တော်တို့ လူငယ်ညီအစ်ကို မောင်နှမများ အနေဖြင့် တစည်းတလုံးတည်း ညီညီညွတ်ညွတ်နှင့် အမျိုးကိုချစ်တဲ့ စိတ် ဘာသာသာသနာ ကိုချစ်တဲ့စိတ် နိုင်ငံတော်ကိုချစ်တဲ့စိတ် များဖြင့် ( စည်းလုံးခြင်းသည် အင်းအား )ဆိုသည့်အတိုင်း စည်းစည်းလုံးလုံးတညီတညွတ် တစ်စိတ်တစ်ဝှမ်းတည်း ဖြင့် မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်နေကြသော တိုင်းရင်းသားအားလုံးဟာ သူတစ်လူငါတမင်း ဖြစ်ချင်တဲ့အယူစွဲ စိတ်များကို ဖျောက်ဖျက်ပြီး တော့ တို့တွေ ဟာမြန်မာပြည်မှာမွေးပြီး မြန်မာနိုင်ငံတော်ကြီးရဲ့ ဆွေမျိုးသားချင်း ညီအကိုမောင်ဘွား သွေးချင်းများဖြစ်ကြသည်နှင့်အညီ နောင်ဘယ်သောအခါမှ တွဲထားသောလက်များမ ဖြုတ်ကြဘဲ နိုင်ငံတော်ကြီးကမ္ဘာအလည်မှာ အခြားသောနိုင်ငံများနှင့် ရင်ဘောင်တန်းပြီး ၀င့်ဝင့်ကြွားကြွားရပ်တည်နိုင်ဖို့ရန် လက်ရှိလူငယ်များဖြစ်ကြသည့် ကျွန်တော်တို့ ညီအကို သွေချင်းမောင်နှမများ အားလုံး တက်ညီလက်ညီ အင်တိုက်အားတိုက် အပတ်တကုတ် မဆုတ်သော မနစ်သော ဇွဲလုံ့လ ၀ိရိယ တို့ဖြင့်ချစ်ချစ်ခင်ခင် တစ်ဦးပေါ်တစ်ဦး ဖေးမကူညီ ရိုင်းပင်းမှူများဖြင့် ကျွန်တော်တို့ နိုင်ငံတော်ကြီး မြန်မာဆိုတာ ဒါမျိုး ဟေ့လို့ ကမ္ဘာ့အလည် မှာ လက်မထောင်နိုင်အောင် လူကြီး လူငယ်လူလတ် အားလုံး တစ်ဦးချင်းတာဝန်သိ အသိစိတ်များဖြင့် ကြိုးစား ကြိုးပန်း လုပ်ဆာင်သွားကြပါလို့ ကျွန်တော်မင်းကုန်းသားကြီး အနေဖြင့် ဆန္ဒပြုတိုက်တွန်းလျှက်ပါ။ ယနေ့ခေတ် လူငယ်များအနေဖြင့်လည်း အတုခိုးမမှားကြရန်နှင့် မိမိ၏နိုင်ငံ ၊လူမျိုး နှင့်သာသနာတော် အတွက် မိမိတို့တက်စွမ်းသမျှ ပညာရပ်များဖြင့် နိုင်ငံတော်ကို ဖွံဖြိုးတိုးတက်ရာလုပ်ငန်းရပ်တွေမှာ အုပ်တစ်ချပ်ဖြစ်စေ သဲတစ်ပွင့်ဖြစ်စေ တက်အားသမျှလေး ကြိုးပမ်းဆောင်ရွက်ပေးကြပါလို့ ဆန္ဒပြု တိုက်တွန်းအပ်ပါတယ်။ ကျွန်တော်မင်းကုန်းသားကြီး ဘလော့ခ်အား လာရောက်လည်ပတ်ကြသော ညီအစ်ကို မောင်နှမများမှ ထပ်ဆင့်ထပ်ဆင့် ပွါးများနိုင်ကြပါစေလို့ ဆန္ဒပြုလျှက် ……..
မင်းကုန်းသားကြီး……
မင်းကုန်းသားကြီး……


August 24, 2008 at 10:58 AM
great :P