မေတ္တာ ကရုနာ မုဒိတာ ဥပေက္ခာ ဆိုတဲ့ဗြဟ္မဆို တရား (၄)ပါးကို စိတ်ဝယ်အစဉ် ထားရှိပွါးများနိုင်ကြပါစေ.....

တရားဓမ္မ  

Friday, June 27, 2008

သမ္မာဓိ ဆိုသည်မှာ
မိမိရဲ့ စိတ်ကလေး တည်ငြိမ်ပြီး ကြည်လင်မှုရှိနေတာကို ခေါ်တယ် ။
စိတ်မချမ်းသာရင် သမာဓိမဖြစ်ဘူး ။ သမာဓိ ရချင်တယ်ဆိုရင်
စိတ်ချမ်းသာမှု ရှိရမယ် ။ စိတ်ချမ်းသာတယ်ဆိုတာ
တခြားမထင်နဲ့ ။ ကုသိုလ်စိတ်ဖြစ်နေတာပါ ။ ကုသိုလ်စိတ်
ဖြစ်မှစိတ်ချမ်းသာမယ် ။ စိတ်ချမ်းသာမှ သမာဓိဖြစ်မယ် ။
ကုသိုလ်စိတ်မဖြစ်ရင် စိတ်ဆင်းရဲမယ် ။စိတ်
ဆင်းရဲရင် သမာဓိ မရနိုင်ဘူး ။ စိတ်ဆင်းရဲတယ်ဆိုတာဟာလည်း
ကိုယ့်ရပိုင်ခွင့်နဲ့ ကိုယ်မကျေနပ်ရင် စိတ်ဆင်းရဲတယ် ။ မိမိရထားတဲ့
အခွင့်အရေး ၊ လာဘ်လာဘ ၊ စည်းစိမ်ဥစ္စာကို အထင်သေးနေရင်
စိတ်ဆင်းရဲတယ် ။ စိတ်ဆင်းရဲလို့ သမာဓိ မရတာ ။
ဓမ္မဒူတ ရှင်ဆေကိန္ဒ

AddThis Social Bookmark Button


1 ယောက်ကပြောသွားတယ်။: to “ တရားဓမ္မ

Design by Amanda @ Blogger Buster