♥ မေတ္တာ ကရုနာ မုဒိတာ ဥပေက္ခာ ဆိုတဲ့ဗြဟ္မဆို တရား (၄)ပါးကို စိတ်ဝယ်အစဉ် ထားရှိပွါးများနိုင်ကြပါစေ..... ♥

တရားဓမ္မ  

Friday, June 27, 2008

မြတ်စွာဘုရား နှင့် လောကဓံ
မြတ်ဘုရားပင် ၊ လောကဓံတရားကို
ရှောင်ရှားမရ ၊ တွေ့ရတယ် ။
ပဉ္ဇသာလာမှာ ၊ ဆွမ်းခံမရလို့
ပီတီမျှနှင့် ၊ ၀မ်းဝခဲ့တယ် ။
ဝေရဉ္ဇမှာ ၊ ဆွမ်းခံမရလို့
ဂျုံကြမ်းမျှနဲ့ ၊ မျှတခဲ့တယ် ။
နာဂမထေရ် ၊ လမ်းခွဲကြွလို့
ဗုဒ္ဓတစ်ပါးတည်း ၊ ကျန်ဘူးတယ် ။
မေဃီယမထေရ် ၊ လမ်းခွဲကြွလို့
ဗုဒ္ဓတစ်ပါးတည်း ၊ ကျန်ဘူးတယ် ။
ကောသမ္မီပြည်မှာ ၊ သံဃာကွဲလို့
ပလလဲတောမှာ ၊ ဧကစာကျင့်တယ် ။
စီဉ္ဇမာ ၊ သုန္နရီ ၊ မာဂဏ္ဍီများက
မုသားလုပ်ပြီး ၊ မမှန်စွပ်စွဲတယ် ။
ဗုဒ္ဓမြတ်စွာ ၊ သည်းခံချေပလို့
နိန္ဒလောကဓံ ၊ အောင်လံရတယ် ။
ကျော့အောင့်ခါးနာ ၊ ဘုရားမှာဆိုက်လို့
ဒေ၀ဒတ်မိုက်ကြောင့် ၊ သွေးစိမ်းတည်တယ် ။
ဝေဠုဝရွာ ၊ နေစဉ်တွင်းက
ထန်ပြင်းရောဂါ ၊ ဖြစ်သေးတယ် ။
ဗရိတ်နိဗ္ဗာန် ၊ စံခါနီးမှာ
ယိုစီးသွေးသွန် ၊ ၀မ်းနာသေးတယ် ။
ထိုရောဂါများ ၊ ရှူမှတ်ပွား
ဘုရားသည်းခံ ၊ ပယ်နိုင်တယ် ။
အဲဒါကြောင့်…နင်လားဟဲ့ လောကဓံ ၊ အောင်ပွဲခံ
အောင်လံလွှင့်စို့ကွယ် ။
လင်္ကာ……..အရှင်မြတ်ညောင်ကန်အရှင်ဣန္ဒက

AddThis Social Bookmark Button


0 ယောက်ကပြောသွားတယ်။: to “ တရားဓမ္မ ”

Design by Amanda @ Blogger Buster