၂၄။ ပစ္စည်းဆုတောင်း
၁။ ဟေတုပစ္စယော=ကောင်းသောအကြာင်းတရား တိုးပွားကြရပါစေသော်။
၂။အာရမ္မဏပစ္စယော=ကောင်းသောအာရုံ၊ အကောင်းဆုံးသောအာရုံ တွေ့ကြုံကြရပါစေသာ်။
၃။အဓိပတိမစ္စယော=ဆန္ဒနှင့်စွဲ စိတ်ဥာဏ်တွဲ ကြီးကဲဖြစ်ကြရပါစေသော်။
၎။အနန္တရပစ္စယော=ကုသိုလ်၏အခြားမဲ့မှာ ကုသိုလ်သာဖြစ်ကြရပါစေသော်။
၅။သမနန္တရပစ္စယော=ကောင်းမှူ၏ အခြားမဲ့မှာ ကောင်းမှူသာဖြစ်ကြရပါစေသော်။
၆။သဟဇာတပစ္စယော=အတူအကွပုညကုသိုလ်တိုးစေသော်။
၇။အညမညပစ္စယော=အချင်းချင်းရင်တွင်းမေတ္တာဖြိုးစေသော်။
၈။နိဿယပစ္စယော=ရတနာသုံးလီ မှီတည်ကြရပါစေသော်။
၉။ဥပနိဿယပစ္စယော=လောကုတ္တရာကိုးလီ မှီတည်ကြရပါစေသော်။
၁၀။ပုရေဇာတပစ္စယော=ရှေ့ဖြစ်ကုသိုလ် နောက်ကိုလွှမ်းခြုံရပါစေသော်။
၁၁။ပစ္ဆာဇာတပစ္စယော=နောက်ဖြစ်ကုသိုလ် ရှေ့ကိုလွှမ်းခြုံကြရပါစေသော်။
၁၂။အာသေ၀နပစ္စယော= ပါရမီအစုံစုံအထုံမြဲမြံကြရပါစေသော်။
၁၃။ကမ္မပစ္စယော=ကောင်းသောကုသိုလ်ကံ မြဲမြံကြရပါစေသော်။
၁၄။ဝိပါကပစ္စယော= ကောင်းသောအကျိုးပွားတိုးကြရပါစေသော်။
၁၅။အာဟာရပစ္စယော=စိတ်အာဟာရ ပြည့်ဝကြရပါစေသော်။
၁၆။ဣန္ဒြိယပစ္စယော= စိတ်ကိုစိုးပိုင်စိတ်နိုင်ကြရပါစေသော်။
၁၇။ဈာနပစ္စယော=မေတ္တာဈာန် ရှင်သန်ကြရပါစေသော်။
၁၈။မဂ္ဂပစ္စယော=မဂ္ဂလမ်း လျှောက်လှမ်းကြရပါစေသော်။
၁၉။သမ္မယုတ္တပစ္စယော=သူတော်ကောင်းဓာတ် ယှဉ်စပ်ကြရပါစေသော်။
၂၀။ဝိပ္ပယုတ္တပစ္စယော=မကောင်းမှူများ ပယ်ရှားကြရပါစေသော်။
၂၁။အတ္တိပစ္စယော= ကောင်းရာသုဂတိ မရှိကြရပါစေသော်။
၂၂။နတ္တိပစ္စယော= အပါယ်ဒုဂ္ဂတိ မရှိကြရပါစေသော်။
၂၃။ဝိဂတပစ္စယော= ဆင်းရဲခြင်း ကင်းရှင်းကြရပါစေသော်။
၂၄။အ၀ိဂတပစ္စယော= ချမ်းသာခြင်း မကင်းကြရပါစေသော်။
တရားဓမ္မ
Tuesday, October 14, 2008
Posted in ကျင့်ဆောင်ဖွယ် by မင်းကုန်းသားကြီး | 0 ယောက်ကပြောသွားတယ်။
လူမုံလာဥ၊ လူကြက်ဥနဲ့ လူလက်ဖက်ခြောက်
Sunday, August 17, 2008
ကျွန်တော်ဖတ်ဖူးတဲ့ မုံလာဥ၊ လူကြက်ဥနဲ့ လူလက်ဖက်ခြောက် ဆို တဲ့ဆောင်းပါးလေးကတော့ဖြင့်…….. ‘ တစ်ခါက ဤမဟာဘဒ္ဒ ကမ္ဘာရဲ့တစ်နေရာမှာ သားအဖနှစ်ယောက် ရှိလေသတဲ့…..တစ်နေ့မှာ သမီးလုပ်တဲ့သူက ဖအေကိုတိုင်တည်တယ်။ သူ့ဘ၀မှာ အဆင်မပြေတာတွေကများနေတယ်ပေါ့။ ဘာလုပ်လုပ် အဆင်မပြေတာတွေချည်းမို့ အားကပျက်နေပြီး အရာရာကိုလက်လျှော့လိုက်ချင်စိတ်ကပေါက်နေပြီဖေဖေရယ်။ တိုက်ရခိုက်ရတာ ရုန်းကန်ရတာလည်း သမီးမှာမောလှပါပြီ၊ ပန်းလှပါပြီရှင်။ ပြဿနာတစ်ခု ပြေလည်သွားလို့မှ မနားရသေးဘူး၊ နောက်ထပ်ပြဿနာတစ်ခုက ထပ်တက်လာနဲ့၊ ဘ၀ဆိုတာ ဒုက္ခတွင်းကြီးထဲ စောက်ထိုးဆင်းနေရသလိုပါပဲ ဖေဖေရယ် သမီးတော့ စိတ်ညစ်တယ်၊ လူတောင်ဆက်မလုပ်ချင်တော့ဘူး ဘာညာစသဖြင့် ဖအေကိုတိုင်တည်းရင်း ညည်းရှာတယ်။ ဖအေလုပ်တဲ့သူက စားဖိုမှူးကြီးပါ။ သမီးကလည်း အဲသလို ညည်းညူတိုင်တည်လာရော ဖအေက ဘာမပြောညာမပြောနဲ့ သမီးကိုလက်ဆွဲပြီး မီးဖိုချောင်ထဲခေါ်သွားတယ်။ ပြီးတော့ အိုးသုံးလုံးထဲကို ရေတွေအဖြည့်ပြီး မီးပြင်းပြင်းနဲ့ ဖိုသုံးဖိုပေါ်မှာ တည်လိုက်တယ်။ မကြာပါဘူး မီးတွေကပြင်းတော့ သုံးအိုးစလုံးထဲက ရေတွေ ပွတ်ပွတ်ဆူလာတော့တာပေါ့။ရေနွေးလည်းဆူရော ဖအေလုပ်တဲ့သူက တစ်အိုးထဲကိုမုံလာဥတွေထည့်၊ နောက်တစ်အိုးထဲကိုကြက်ဥတွေထည့်၊ နောက်တစ်အိုးထဲကိုကျတော့ လက်ဖက်ခြောက်တွေ ထည့်လိုက်ပါတယ်။ ပြီးတော့ အိုးတွေကို သည်တိုင်း ဆက်တည်ထားလိုက်တယ်။ စကားတော့ တစ်လုံးမှမပြောဘူး။ သမီးလုပ်တဲ့သူက ဖေဖေ့နှယ်ဘာတွေများလုပ်နေပြန်တာပါလဲလို့ တွေးရင်းစိတ်ကတယ်မရှည်ချင်းဘူး။ ဒါပေမယ့် ဘာကိုမဆိုအကြောင်းမဲ့ မလုပ်တက်တဲ့ ဖအေ့အကြောင်းကိုသိထားတော့ အံကလေးတင်းရင်း စိတ်မရှည်စွာနဲ့ပဲ စောင့်နေရပါတော့တယ်။ ဆယ်မိနစ်လောက်ကြာတော့ ဖအေလုပ်တဲ့သူက မီးသုံးဖိုစလုံးကို သတ်လိုက်ပြီး မထမအိုးထဲက မုံလာဥတွေကိုဆယ်၊ ပန်းကန်တစ်ချပ်ထဲထည့်တယ်။ နောက်တစ်အိုးထဲက ကြက်ဥတွေကိုလည်း ဆယ်ပြီး တခြားပန်းကန်တစ်လုံးထဲထည့်တယ်။ နောက်ဆုံးအိုးထဲက လက်ဖက်ရည်ကြမ်းတွေကိုလည်း ပန်းကန်တစ်လုံးထဲထည့်တယ်။ ပြီတော့မှသမီးဘက် လှည့်ပြီးမေးလိုက်တယ်။ “ ကဲ……သမီးရေ ၊ ဒါတွေကဘာတွေလဲ ….” “ မုံလာဥပြုတ်ရယ်၊ ကြက်ဥပြုတ်ရယ်၊ ရေနွေးကြမ်းရယ်ပါဖေဖေ “ သမီးကအဲသလိုဖြေလိုက်တော့ ဖအေက သမီးကိုသူ့နားလာခိုင်းပြီး မုံလာဥတွေကို စမ်းခိုင်းတယ်။ သမီးက ဖအေခိုင်းတဲ့ အတိုင်း မုံလာဥတွေကို ဇွန်းနဲ့ထိုးကြည့်လိုက်ပြီးတဲ့နောက် “ ဖေဖေ မုံလာဥတွေက လည်း ပျော့ပြဲနေပြီ…” လို့ ပြောလိုက်ပါတယ်။ ဖအေက သမီးစကားကို အမှုမထားဘဲ ကြက်ဥပြုတ် တစ်လုံးကိုယူပြီး သမီးကိုခွဲခိုင်းပြန်တယ်။ အပေါ်က အကာကိုခွာလိုက်တဲ့အခါမှတော့ ကောင်းကောင်းကြီး ကျက်နေပြီဖြစ်တဲ့ ကြက်ဥပြုတ်ပေါ့။ နောက်ဆုံးမှာတော့ ရေနွေးကြမ်းကို မြည်းကြည့်ဖို့ ဖအေကခိုင်းလိုက်ပြန်တယ်။ သမီးလုပ်တဲ့သူက ပြုံးလိုက်မိရင်းကနေ ဖအေခိုင်းတဲ့အတိုင်း အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးကြမ်းပူပူကို တဖူးဖူးမှုတ်လို့ မြည်းလိုက်ရပါတယ်။ အင်မတန်မွှေးပျံ့ပြီးအရသာရှိတဲ့ လက်ဖက်ရည်ကြမ်းဖြစ်နေတာကိုလည်း သတိထားလိုက်မိတယ်။ “ ဖေဖေ ဘာကိုပြောချင်တာလဲဟင် …..” လက်ဖက်ရည်ကြမ်းကို အရသာခံရင်း သမီးမအောင့်နိုင်တော့ဘဲ မေးလိုက်မိရပါတော့တယ်။ ဖအေကရှင်းပြတယ်။ “ မုံလာဥရယ်၊ ကြက်ဥရယ်၊ လက်ဖက်ခြောက်ရယ်ဆိုတဲ့ မတူတဲ့အရာသုံးမျိုးဟာ တူညီတဲ့ဒုက္ခဖြစ်တဲ့ ရေနွေးပူပူထဲမှာတစ်ပြိုင်တည်း တစ်ညီတည်း ထည့်အပြုတ်ခံခဲ့ရတာချင်းအတူတူ တုံ့ပြန်ပုံချင်းကျတော့ မတူဘူးလေ သမီးရဲ။ “ မုံလာဥဟာ ရေနွေးပူထဲ မရောက်ခင်တုန်းကတော့ သန်သန်မာမာ၊ တောင့်တောင့်တင်းတင်းကြီးရယ်။ အဲ ….ဒါပေမယ့် ရေနွေးနဲ့လည်း အပြုတ်ခံလိုက်ရရော တစ်ခါတည်းကို ပျော့ဖတ်ပြီးချိနဲ့သွား တော့တာပဲ… “ ကြက်ဥကကျတော့ ရေနွေးထဲမရောက်ခင်ကအထိမခံဘူး၊ ထိလိုက်တာနဲ့ ဖက်ခနဲ့ကွဲမှာ အသေအချာနော်၊ အပေါ်ခွံပါးပါးလေးက အထဲကအရည်ကြည်ပျော့ဖတ်ဖတ်လေးတွေကို ကာရံထားရတဲ့အနေအထားပေါ့။ ဒါပေမယ့် ရေနွေးဆူဆူထဲမှာလည်း ကြာကြာလေးနေလိုက်ရရော အဲသည့်ပျော့အိအိအတွင်းသားတွေ အားလုံးမာကုန်တာပဲ မဟုတ်လားသမီးရဲ့….. “ အေးလက်ဖက်ခြောက်ကတော့ တစ်ဘာသာပဲ။ ရေနွေးပွတ်ပွတ်ထဲလည်း ရောက်သွားရော အဲသည့်ပွတ်ပွတ်ဆူနေတဲ့ရေကိုပါ လက်ဖက်ရည်အဖြစ် ပြောင်းလဲပစ်လိုက်တယ် …. “ ကဲအဖေသမီးကရော ဘာလဲ၊ မုံလာဥလား၊ ကြက်ဥလား၊ လက်ဖက်ခြောက်လား၊ လောကဓံဆိုတာတော့ လူတိုင်းရင်ဆိုင်ကြရတာပဲသမီး။ အဲသည့် လောကဓံနဲ့ နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်ရတဲ့အခါမှာ သမီးကဘယ်လိုတုံ့ပြန်လိုက်ချင်သလဲ။ မုံလာဥလို တုံပြန်မလား၊ ကြက်ဥလိုတုံပြန်မလား၊ လက်ဖက်ခြောက်လိုတုံပြန်မလား၊ သမီးဘာသာစဉ်းစားပေတော့ကွာ….” ပုံပြင်လေးကတော့ဒါပါပဲ ။ စာဖက်သူလူကြီးမင်းကရော ဘယ်လိုပါလဲ။ အပြင်ပန်းအမြင်မှာတော့ မုံလာဥလိုမာမာချာချာ တောင့်တောင့်တင်းတင်းကြီးနဲ့၊ လောကဓံနဲ့ တကယ်တမ်း ရင်ဆိုင်ရတဲ့အခါကျရင် တော့ပျော့ခွေနွမ်းရိပြီး အားကုန်သွားမယ့် လူစားမျိုးပါလား။ ဒါမှမဟုတ် ကြဥလိုလူစားလား။ အစတုန်းကတော့ ထိလွယ်၊ ရှလွယ်တယ်၊ စိတ်ကလည်း ပျော့တယ်။ ဒါပေမယ့် သေခြင်းတရားလို၊ ရှင်ကွဲကွဲတာလို၊ ချွှတ်ခြုံကျတာလို ကြမ္မာဆိုးတစ်ခုခုကို အပြင်းအထန်ခံစားရပြီးတဲ့နောက်မှာတော့ နင်လားဟဲ့…လောကဓံဆိုတဲ့စိတ်ဓာတ်၊ ထီမထင်တဲ့စိတ်ဓာတ်နဲ့ မာကျောကျော၊တောင့်တင်းတင်းကြီးဖြစ်သွားမယ့် လူစားမျိုးလား၊ မပြုတ်ခင်ကြက်ဥနဲ့ ပြုတ်ပြီးသားကြက်ဥလိုပဲ၊ အပြင်ပန်းအမြင်မှာ သိပ်မကွာလှပေမယ့် အတွင်းမှာ ခါးသီးမာကျောနေတဲ့ နှလုံးသားနဲ့ လူများဖြစ်နေမှာလား။ ဒါမှမဟုတ် စာဖတ်သူလူကြီးမင်းဟာ လက်ဖက်ခြောက်လိုလူမျိုးလား၊ ရေပူကိုပင်အသွင်ပြောင်းပေးနိုင်စွမ်းရှိတာမျိုးလေ။ လက်ဖက်ခြောက်ဆိုတာက ရေနွေးဆူလေလေ၊ ပွတ်လေလေ ဘက်ဖက်ရည်အရသာကောင်းလေပေါ့၊ လက်ဖက်ခြောက်လိုလူဆိုတာကလည်း ဒုက္ခသုက္ခတွေ အရှိန်တက်လေလေ၊ အရည်းအချင်းတွေပိုရှိလာလေဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်အတွက် ပိုကောင်းတဲ့အခြေအနေကို ဖန်တီးပေးနိုင်သူဖြစ်နေပါလိမ့်မယ်။ ကဲ…စာဖက်သူလူကြီးမင်းကရော လောကဓံကို ဘယ်လိုရင်ဆိုင်မယ် စိတ်ကူးပါသလဲ။ စာဖတ်သူဟာ လူမုံလာဥလား၊ လူကြက်ဥလား၊ လူဖက်ခြောက်လား ? ကိုယ့်ဘာသာ ဆင်ခြင်ပိုင်းဖြတ်လိုက်ကြရုံပါပဲ။ ’ ဗဟုသုတများ ပွါးများရရှိနိုင်ကြပါစေလို့ ဆန္ဒပြုလျှက် …..
မင်းကုန်းသားကြီး……။
မင်းကုန်းသားကြီး……။
Posted in ဆောင်းပါး by မင်းကုန်းသားကြီး | 0 ယောက်ကပြောသွားတယ်။
မှတ်သားသိဖွယ်
Saturday, July 5, 2008
မကောင်းသော သူငယ်ချင်းသည် ရန်သူထက်ဆိုး၏ ။
плохой друг вредит чем враг
(ရုရှား စကားပုံ)
плохой друг вредит чем враг
(ရုရှား စကားပုံ)
Posted in ဗဟုသုတ by မင်းကုန်းသားကြီး | 0 ယောက်ကပြောသွားတယ်။
ဘ၀ဆိုတာ
Saturday, June 28, 2008
ကျွန်တော်မင်းကုန်းသားကြီး ဖတ်ဖူးတဲ့စာတွေထဲက ဘ၀နဲ့ပတ်သတ်လို့ ကျွန်တော်ကြိုက်နှစ်သက်တဲ့ ဆောင်းပါးလေးတစ်ပုဒ်က ဒီလိုပါ လောကထဲမှာ အရောင်တွေကတော့ သူ ဖာသာသူရှိနေကြတာပါပဲ။ ဒါပေမယ့် သိတဲ့အတိုင်းလေ လူတွေနဲ့ တွေ့တော့ သူတို့ လည်း အမည်တပ်ခံရ၊ အဓိပ္ပါယ်တွေ ဖွင့်ဆိုခံလိုက်ကြရတယ်။ အဲ့ဒီလို အဓိပ္ပါယ်တွေ ကိုယ်စီစိမ့်ဝင်နေကြတဲ့ အရောင်မျိုးစုံနဲဘ၀မှာ လူတိုင်းကျွမ်းဝင်ဖူးခဲ့ကြမှာပါ။ ကျွန်တော့်ရဲ့ စိတ်ကိုလည်း အရောင်တွေကအတိုင်းအတာတစ်ခုအထိလွှမ်းမိုးခဲ့ဖူးပါတယ်။ အသက်အရွယ် အလိုက်ဘ၀ကိုဖြတ်သန်းရပုံတွေ မတူခြားနားလာခြင်းနဲ့ အညီကျွန်တော့်ရဲ့ အရောင်တွေအပေါ် ကြိုက်နှစ်သက်မှု တွေကလည်း အမြဲပြောင်းလဲနေခဲ့တယ်လေ။ ကျွန်တော့်ရဲ့ ငယ်ဘ၀တွေကတော့ အဖြူရောင်နေ့စွဲတွေပဲပေါ့။ အဖြူအစိမ်းဝတ်စုံလေးကို ၀တ်ဆင်ပြီး ကျောင်းတက်နေရ တဲ့ကာလတွေမှာ ကျွန်တော့်ရဲ့စိတ်ကို အဖြူဆိုတဲ့ အရောင်တစ်ခုတည်းက လွှမ်းမိုးနေခဲ့တာလေ။ အစိမ်းရောင်ကို သိပ်သဘောမကျလှပေမယ့် မေမေ အသန့် စင်ဆုံးလျှော်ဖွတ်ပေးထားတဲ့ အဖြူရောင်အင်္ကျင်္ီလေးနဲ့ လိုက်ဖက်ညီစွာပဲ ကျွန်တော့်ရဲ့ စိတ်တွေဟာလည်း ဖြူစင်နေဆဲလေ။ ဒါပေမယ့် ကျွန်တော့်ရဲ့ အင်္ကျီလေးတွေ အမြဲတမ်း ဖြူဖွေးသန့်စင်နေစေဖို့ မေမေကနေ့တိုင်း လျှော်ဖွတ်ပေးနေရတယ်ဆိုတာနဲ့ သေသေချာချာဂရုစိုက် မထိန်းသိမ်းရင်အချိန်မရွေး စွန်းထင်း ညစ်ပေသွားနိုင်တယ်ဆိုတဲ့ အချက်တွေကို ငယ်ရွယ်သေးတဲ့ကျွန်တော် မစဉ်းစားခဲ့ မိတာအမှန်ပါ။ အထက်တန်းကျောင်းအပြီး တက္ကသိုလ်မြေကို ခြေချတဲ့အခါမှာလည်း ကျွန်တော်ဟာ အဖြူရောင်အင်္ကျီလေးတွေကိုပဲ စွဲစွဲမြဲမြဲ ၀တ်ဆင်လေ့ရှိခဲ့ပါတယ်။ တစ်နေ့ ကျွန်တော်ကျောင်းက ပြန်အလာလိုင်းကားပေါ်က စက်ဆီတွေစွန်းထင်းလာတဲ့ အင်္ကျီအဖြူလေးကို ကြည့်ပြီးမေမေကပြောတယ်...." သား အင်္ကျီအဖြူတွေ သိပ်မ၀တ်နဲ့လေ၊ ဟိုဟိုဒီဒီသွားရပါများလာတဲ့အခါ အင်္ကျီ အဖြူနဲ့မကိုက်ဘူး သားရဲ့။ အဖြူဆိုတာက အစွန်းအထင်းလွယ်တယ်။ လျှော်ဖွတ်ဖျောက်ဖျက်ပစ်လို့ရတာဆို တော်သေးတယ်။ အခုလို....ဖျက်ပစ်လို့မရတဲ့ အစွန်းအထင်းမျိုးဆိုရင် နှမြောစရာကြီး.....။ "မေမေပြောတဲ့စကားကြောင့် ကျွန်တော့်ရဲ့အဖြူရောင် အင်္ကျီလေးတွေကို ဘီရိုထဲခေါက်သိမ်းထားလိုက်ရတယ်။ အဖြူရောင် အင်္ကျီလေးတွေမှ မဟုတ်ပါဘူး ဖြူစင်လွန်းတဲ့စိတ်ကလေးတွေ ကိုလည်း လောကမာယာ တွေကအုံနဲ့ကျင်းနဲ့ စွန်းထင်းစေတတ်ကြတယ်ဆိုတာ ကျွန်တော်တစ်စတစ်စနဲ့ သိလာတယ်။ အဲ့ဒီလိုနဲ့ ကျွန်တော့်ရဲ့ အဖြူရောင်စိတ်ရင်းအချို့ကိုလည်းအလုံခြုံဆုံးနေမှာ သိမ်းဆည်းတတ် လာခဲ့တယ်။ အသက်အရွယ်ကိုလိုက်ပြီး ကျွန်တော်ဆက်ဆံ ပတ်သက်ရတဲ့ ပတ်ဝန်းကျင်ဟာတဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာတယ်။ လိုင်းကားစီးနေရင်း ခုံနေရာတစ်နေရာကို လူလတ်ပိုင်းတစ်ယောက်က အဘွားကြီး တစ်ယောက်နဲ့ ယှဉ်လုပြီးထိုင်တယ်။ လူသုံးယောက်အထုတ်ခံရပြီး ရှစ်ယောက်သာ ကျန်တော့တဲ့ဘောလုံး အသင်းကို တစ်ဘက်အသင်းကဂိုးတွေ တရစပ်သွင်းပြီး အနိုင်ယူသွားတယ်။ ယုံကြည်ချက်တွေကို ရိုးသားစွာ ဆုပ်ကိုင်ထားကြတဲ့ ဘ၀တွေ တတိတိနဲ့ လုံးပါးပါးသွားကြတယ်။ အဆိုတော် ကိုခင်ဝမ်းရဲ့ မြားဘုရင်ဆိုတဲ့သီချင်းကို ကျွန်တော် တိုးတိုးလေး ညည်းမိတယ်။ " ဖြူစင်သူတွေရူံးနိမ့်ထွက်ခွာတဲ့ဘ၀စက်ဝန်းကို ချိန်ရွယ်ပါလေအို......မြားဘုရင် " အ၀ါရောင်ဟာ တရားမျှတခြင်းကိုကိုယ်စားပြုတယ်လို့ မေမေတစ်ခါကပြောတာကြားဖူးရဲ့။ အဲ့ဒီလိုနဲ့ ကျွန်တော် အ၀ါရောင်ကို ချစ်တတ်လာတယ်။ အ၀ါရောင်အင်္ကျီတွေက ယောက်ျားလေးတွေနဲ့ သိပ်မလိုက်တာကြောင့် အ၀ါရောင်အင်္ကျီတွေကို သိပ်မ၀တ်ဖြစ်ပေမယ့်...ကျွန်တော့်ရဲ့ စာကြည့်စားပွဲကပန်းအိုးလေးထဲမှာ အ၀ါရောင်နှင်းဆီပန်းလေးကို ကျွန်တော်အမြဲ ထိုးထားလေ့ရှိတယ်။နှင်းဆီပန်းအ၀ါရောင်လေးကို စိတ်ထဲမှာအမြဲအမှတ်ရနေပြီး ဘယ်သူ့ ကိုမှ မတရားမလုပ်မိအောင် ကျွန်တော်ကြိုးစားခဲ့တယ်။ ဖြစ်နိုင်ရင် ကျွန်တော်တစ်လောကလုံးကို အ၀ါရောင်တွေနဲ့ လိမ်းခြယ်ချင်တယ်။ နိစ္စဓူဝ ရုန်းကန်လှုပ်ရှားနေကြရတဲ့ ဘ၀တွေက မျက်စိရှေ့မှာ ပြဇာတ်ကပြနေသလိုပါပဲ။ ကိုယ်ကိုယ်တိုင်လည်း ဘ၀ဆိုတာ အခက်အခဲတွေကိုရင်ဆိုင်နေရခြင်းနဲ့ ပြဿနာတွေကို ဖြေရှင်းနေရခြင်းပဲလို့ ခံယူလာတတ်ချိန်ပေါ့။ မြစ်ကမ်းနဘေးမှာ ထိုင်နေရင်း ရေလှိုင်းတွေ တလိမ့်လိမ့်ကြားမှာ ငွားငွားစွင့်စွင့်ပွင့်နေတဲ့ ဗေဒါပွင့်ကလေးတွေက လောကကြီးထဲကဘ၀တွေအကြောင်း ကျွန်တော့်ကိုပြောပြပြီး ဘ၀မှာဘယ်လို နေထိုင်ရမယ်ဆိုတာကို လက်တွေ့ ဖူးပွင့်ပြနေသလိုပါပဲ။ ခရမ်းနုရောင်ဗေဒါပွင့်လေးတွေက ကျွန်တော့်ရဲ့ စိတ် ထဲရောက်လာကြပြန်တယ်။ ကျွန်တော့်အခန်းလေးရဲ့ အတွင်းနံရံတွေကို ခရမ်းနုရောင်သုတ်လိုက်တယ်။ ပြီးတော့ အဖြူရောင်စာရွက်ပေါ်မှာ Life is like that ဆိုတဲ့စာတန်းကိုရေးပြီး နံရံမှာကပ်ထားလိုက်တယ်။ ညည တွေဆိုမီးရောင်အောက်မှာခရမ်းရောင် ဖျော့ဖျော့လေးလင်းနေတဲ့ ကျွန်တော့်ရဲ အခန်းလေးကိုအဝေးကနေတောင်မြင်နိုင်ပါတယ်။ လုပ်ငန်းခွင်တွေထဲရောက်ပြီး အစုအဖွဲတွေနဲ့အလုပ်လုပ်ကြရတဲ့အ ခါ အချိတ်အဆက်မိမှုနဲ့ စည်းလုံးညီညွတ်မှုတို့ ရဲ့အရေးပါပုံကို နားလည်လာခဲ့တယ်။ကျွန်တော်က ဘောလုံးပွဲကြိုက်တတ်တဲ့သူ ဆိုတော့ ဘောလုံးသမားတွေရဲ့ အချိတ်အဆက်သေသပ်လှပမှုနဲ့ ညီညွတ်တက်ကြွတဲ့ စိတ်ဓါတ်တွေကို မြက်ခင်းစိမ်းစိမ်းကြီးနဲ့ တွဲပြီးမှတ်မိနေတတ်တယ်။ အစိမ်းရောင်ရဲ့ အဓိပ္ပါယ်ကို ဘယ်သူတွေဘယ်လို ဖွင့်ဆိုကြတယ်ဆိုတာကျွန်တော်မသိပါဘူး။ ကျွန်တော်ကတော့ အစိမ်းရောင်ကိုမြင်တိုင်း ဘောလုံးကွင်းကြီး ကိုသတိရ၊ ကွင်းထဲမှာ ပြေးလွှားကစားနေကြတဲ့ ဘောလုံးသမားတွေရဲ့  စိတ်ဓါတ်နဲ့ စွမ်းအင်တွေကို အားကျပြီး လောကဆိုတဲ့ ကစားကွင်းထဲမှာ မျှော်လင့်ခြင်းအနိုင်ဂိုးတွေသွင်းနိုင်ဖို့ အချိတ်အဆက်မိမှုနဲ့ စည်းလုံးညီညွတ် မှုတို့ရဲ့အရေးပါပုံတွေအကြောင်းကို နက်နက်နဲနဲစဉ်းစားနေမိတတ်တယ်။ ငယ်ငယ်က အစိမ်းရောင်ဘောင်းဘီလုံချည်တွေကို သိပ်မနှစ်သက်တတ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ဘောလုံးကွင်းစိမ်းစိမ်းကြီးတွေက ကျွန်တော့်အတွက် လေ့လာသင်ယူစရာတွေပြည့်နှက်နေတဲ့ နေရာဒေသတစ်ခု ဖြစ်နေခဲ့ပြန်တယ်လေ။ အဲ့ဒီလိုနဲ့ အစိမ်းရောင်ကို နှစ်သက်တတ်ခဲ့ရာက အိမ်ရှေ့ မြေကွက်လပ်လေးမှာ မြက်ခင်းစိမ်းစိမ်းလေးတွေ စိုက်ပျိုး တဲ့အလေ့အထကိုရခဲ့တယ်။ ကိုယ့်လမ်းကိုယ် လျှောက်နေပေမယ့် လမ်းကို ကန့်လန့်ဖြတ်ပိတ်နေသူတွေနဲ့ ရင်ဆိုင်ရတာတွေရှိလာတယ်။ ကောင်းကင်ကို ပိတ်ထားတဲ့တိမ်တွေက အမြင့်ဆုံးပျံချင်တဲ့ စိတ်တွေနဲ့ ပဋိပက္ခဖြစ်လာတယ်။ဤဆောင်းပါးလေးကိုဖတ်ပြီးတော့ ကျွန်တော်၏ မိတ်ဆွေရောင်းရင်များ လူ့ဘောင်လူ့ လောကများနှင့်ပတ်သတ်၍ အသိပညာများ ပိုမိုတိုးပွါးရရှိနိုင်ကြပါစေလို့ ဆန္ဒဖြင့်.......
မင်းကုန်းသားကြီး.......
မင်းကုန်းသားကြီး.......
Posted in ဆောင်းပါး by မင်းကုန်းသားကြီး | 0 ယောက်ကပြောသွားတယ်။
Subscribe to:
Posts (Atom)